Latest Movie :

The 100 (2014) Season 1 မြန်​မာစာတန်းထိုး

ဇာတ်လမ်းကတော့ =Drama,myster,Sci-Fiပါ
IMDB မှာ 8.9 and TV မှာ 9.9 အထိ ရရှိထားတဲ့
ကားလေးကို ကျမကြည့်နေတယ် ။ အရမ်းစိတ်ဝင်စားလို့
ဇာတ်လမ်း အကျည်းချုပ် နည်းနည်းရေးပေးမယ်နော် ။

ကလက်စ် က ဒီလိုပြောပါတယ် ။
"ကျမရဲ့ မျက်နှာပြင်ပေါ်မှာ နေရောင်ခြည်ကို ခံစားရတယ် အနီးအနားပတ်လည်မှာ အားလုံး သစ်ပင်တွေချည်းပဲ မြင်နေရတယ် လေပြင်တစ်ချက်မှာ တောရိုင်းပန်းလေးတွေရဲ့ အနံ့ကိုရတယ် အရမ်းသာယာတာပဲ အဲ့ဒီ အခိုက်အတန့် ကျမဟာ အာကာသထဲ သောင်တင်မနေတော့ဘူး ကမ္ဘာပျက် နျူးကလီးယားစစ်ပွဲကြောင့် ဘမ္ဘာမှာ လူတွေအားလုံးသေခဲ့ရတာ ၉၇ ရှိသွားပြီ။ ကမ္ဘာကြီးကတော့ ဓာတ်ရောင်ခြည်တွေနဲ့ အဆိပ်သင့်နေခဲ့တယ်။ အနျူးကလီးယား ဗုံးတွေပေါက်ကွဲချိန်မှာ နိုင်ငံ ၁၂နိုင်ငံဟာ အာကာသစခန်းတွေကို အသင့်ပြင်ထားခဲ့တယ်။ အခုချိန်မှာ အာ့ခ်တစ်ခုပဲရှိတော့တယ် ။ အာ့ပ်ဆိုတာ အာကသ စခန်းပါ။ ကမ္ဘာကြီးပေါ်မှာ အသက်ရှင်နေထိုင်ဖို့ နောက်ထပ် နှစ်ပေါင်း ၁၀၀စောင့်ရမယ်လို့ ပြောကြတယ် ......မြေပြင်ကတော့ အိပ်မက်ပါ
ဒါကတော့တော့ လက်တွေ့ဘဝပါ ခါးသီးတယ် "

အဲ့ဒီအချိန်မှာ အရာရှိနှစ်ယောက် ကလက်ပ် အခန်းထဲဝင်လာပါတယ်။
"အကျဉ်းသား ၃၁၉ နံရံကို မျက်နှာမူလိုက် "
"ဘာဖြစ်လို့လဲ"
"ငြိမ်ငြိမ်နေစမ်း မင်းရဲ့ ညာဖက်လက်ကို မြှောက်လိုက်"
"ဟအင်း ကျမအချိန်မကျသေးဘူး ၁၈နှစ်ပြည့်ဖို့ တစ်လလိုသေးတယ်လေ"
အာကာသမှာ ပြစ်မှုးတိုင်းက ဘယ်လောက်ပဲ သေးငယ်နေပါစေ ၁၈အောက်မဟုတ်ရင် သေဒဏ်ပေးခွင့်ရှိတယ်။
"အမေအမေ ဘာတွေဖြစ်နေတာလဲ ဒါဘာလုပ်တာလဲ သူတို့က သမီးတို့ အကျဉ်းသား အားလုံးကို သတ်တော့မှာလား ကျန်တဲ့သူတွေ အချိန်ပိုရအောင် လူဦးရေ လျော့ချနေတာမဟုတ်လား "
"ကလက်ပ် သမီး အသတ်မခံရပါဘူး မြေကြီးကိုပို့မလို့ လူ ၁၀၀ကို"
"ဟအင်း မလုံခြုံဘူး မြေကြီးပေါ်မှာ အသက်ရှင်လို့မရဘူးလို့ လူကြီးတွေကပြောတယ် ၁၈နှစ်မှာ စီရင်ချက်ချမှာလေ"
"စည်းမျဉ်းပြောင်းသွားပြီ ဒါအသက်ရှင်ဖို့အခွင့်အရေးပဲ သမီးကသူများနဲ့မတူဘူး တစ်ခြားသူတွေအတွက်လည်း စဉ်းစားပေးတတ်တယ် အမေသိတယ် သမီးကို အမေ မဆုံးရှုံးချင်တော့ဘူး သမီးကို အမေ အရမ်းချစ်တယ် "

ဒါပေမယ့် အမှန်က မြေကြီးပေါ်မှာ ကံကောင်း စွာပဲ အသက်ရှင်တဲ့သူတွေရှိတယ်ဆိုတာ  ကလက်ပ် အမေသိထားလို့ သူ့သမီးကိုပါထည့်လိုက်တာပါ ။ကျန်တဲ့ လူကြီးတွေကြတော့ အာကာသ မှာ အောက်စီဂျင်မလောက်တော့တဲ့အတွက် လူဦးရေလျော့ချတဲ့အနေနဲ့ အလျှင်အမြန် မြေကြီးကို လူ ၁၀၀ ပို့ခဲ့တာပါ။

ဒီ လူ၁၀၀ဟာ မြေကြီးကို ရောက်တဲ့အချိန်မှာ သူတို့ ဘယ်လို အသက်အောင် ရုန်းကန်လှုပ်ရှားရသလဲ သူတို့ ဘာတွေ သည်းထိပ်ရင်ဖို့ ကြုံတွေ့ရမလဲဆိုတာကတော့........ ဇတ်ကားထဲမှာရှိပါတယ် တစ်ပိုင်းပြီးတစ်ပိုင်း ပိုပိုစိတ်ဝင်စားအောင် ဆွဲခေါ်သွားတဲ့ မိန်းမ ဇာတ်လမ်းပါ
Quality : Bluray 480p
Translated By Movie Goers Tv
Encoder Chan Myint Oo

Season 1 အစအဆုံး

Episode 1 :Download

Episode 2 : Download

Episode 3 : Download

Episode 4 : Download

Episode 5 : Download

Episode 6 : Download

Episode 7 : Download

Episode 8 : Download

Episode 9 : Download

Episode 10 : Download

Episode 11 : Download

Episode 12 : Download

Episode 13 :Download
Share this article :

Post a Comment

Contact Form

Name

Email *

Message *

Total Visitors

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Movie Goers Tv-မြန်မာစာတန်းထိုး - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger