Latest Movie :
Recent Movies

Marvel Rising Secret Warriors (2018) မြန်နာစာတန်းထိုး

Marvel Rising Secret Warriors (2018)

ဇာတ်လမ်းအညွှန်း


ဒီကားတော့ ခု2018 September မှာထွက်ထားတဲ့Animation ပါ Inhuman တွေသောင်းကျန်နေတဲ့အချိန်မှာ Superhero တွေရဲ့ Sidekick တွေကတားဆီးကြမှာပါ Shield က Agent Daisy Johnson လဲပါပါတယ် Captain Marvelကိုတွေ့ကြရမှာပါ တကယ်ပဲInhuman တွေကသောင်းကျန်းတာလား နောက်ထပ်ဂြိုဟ်သားတွေကပဲထိန်းချုပ်နေတာလား Captain Marvelတို့ရဲ့ Secret Warriors တွေကပဲတားဆီးနိုင်မလားဆိုတာ ကြည့်လိုက်ရအောင်ဗျာ

Translated : Thet Oo Zaw
Review :Thet Oo Zaw
Encoded : Min Mann Pyae Phyo
Size :(300MB) 360p

Google Drive : Download  Download

Mega Up  :

Doraemon: Nobita's Dinosaur 2006 မြန်​မာစာတန်းထိုး




Doraemon: Nobita's Dinosaur 2006

2006 ‧ Fantasy/Science Fiction ‧ 1h 47m

ဒီတစ်​ခါကတော့ကျွန်​တော်​တို့ရဲ့Thugata MediaမှDoraemon Myanmarနှင့်​Movie Goers Tvတို့ပူးပေါင်းတင်​ဆက်​လိုက်​ပါတယ်​။ဒီကားလေးကတော့၁၉၈၀မှာထုတ်​တဲ့ဖူဂျီကို.F.ဖူဂျီရိုရဲ့မူရင်းလက်​ယာဖြစ်​တဲ့Doraemon Nobita's Dinosaurကို၂၀၀၆မှာဒါရိုက်​တာAyumu Watanabeနှင့်​Kozo Kusubaတို့ကပြန်​လည်​တီးဖြတ်​ပြီးDaisuke Yoshikuwa,Kumi Oguraနှင့်​Tatsuji Yamazakiတို့ကပြန်​လည်​ထုတ်​လုပ်​ထားတာပါ။BOX OFFICEကတော့3.28 billion yen
(US$29.3 million)ဖြစ်​ပါတယ်​။
Review-နိုဘိတဟာသူ့သူငယ်​ချင်းဆူနီယိုအိမ်​ကိုအလည်​သွားရင်းဆူနီယိုဟာအခြားသူငယ်​ချင်းတွေကိုသူ့အဖေစုစောင်းထားတဲ့ဒိုင်​နိုဆောရုပ်​ကြွင်းတွေကိုပြသနေပါတယ်​။သူ့ကိုကြတော့မပြတော့တော်​တော်​လေးတင်းသွားတာပေါ့။အဲ့တာနဲ့တင်​နိုဘိတဟာဒိုရေမွန်​ကိုပူဆာပါလေရော။ဒိုရေမွန်​ဟာလုပ်​မပေးသောကြောင့်​သူဟာသူ့အားသူကိုးပြီးမြေတူးရင်းကနေရှေးဟောင်းဥတစ်​လုံးကိုတူးဖော်​တွေ့ရှိခဲ့ပါတယ်​။သူဟာတော့အဲ့ဒီဥကိုဒိုင်​နိုဆောဥဟုယူဆပြီးဒိုရေမွန်​ကိုအကောင်​ဖောက်​ခိုင်းပါတယ်​။နိုဘိတဟာဒိုင်​နိုဆောဥလေးအကောင်​ပေါက်​တာကိုစောင့်​မျှော်​ရင်းအချိန်​တွေကုန်​ဆုံးခဲ့ပါတယ်​။မကြာခင်​၃ရက်​ကြားပြီးနေ့မှာတော့အကောင်​ပေါက်​လာပါတယ်​။ထင်​မှတ်​ထားသလိုပဲဒိုင်​နိုဆောလေးဖြစ်​နေပါတယ်​။နိုဘိတဟာဒိုင်​နိုဆောလေးနဲ့ကစားရင်းနဲ့တင်​နေ့တိုင်းအချိန်​တွေကိုကုန်​ဆုံးစေခဲ့ပါတယ်​။ဘယ်​သတ္တဝါမဆိုတစ်​နေ့တစ်​ခြားကြီးထွားလာတာပဲလေ။မကြာခင်​မှာဒိုင်​နိုဆောလေးကြီးထွားလာတဲ့အခါမှာဘာတွေဆက်​ဖြစ်​မလဲဆိုတာကိုရှုစားကြရအောင်​ပါ။နိုဘိတဟာဒိုင်​နိဆောလေးအပေါ်ထားတဲ့မေတ္တာသံယောဇဉ်​ဟာအတော်​ကြီးမားပြီးသူတို့နှစ်​ဦးခွဲခွာရတဲ့အခါမှာဘယ်​လိုဝမ်းနည်ူလွမ်းဆွတ်​တမ်ူတနေမလဲဆိုတာကိုကြည့်​ရှုပြီးမျက်​ရည်​ပေါက်​ပေါက်​ကျအောင်​ခံစားရမယ့်​ကားလေးပါ။

Translated by-Tin Zar Mōe
Encoded by-Nay Maint Yaun
Srt File Edited by-မင်းဖြိုးဇင်​(မြောင်းမြ)
2019 Thugata Media

Openload : Download

Kung Fu hustle 2004 1080P 5.1Ch







Kung Fu Hustle (2004) 1080p 5.1ch
တရုတ်စကားပြော(မူရင်းအသံ)

IMDb  7.8 ထိရရှိပြီး ပုဆိန်ဂိုဏ်းကဆိုပြီး နာမည်ကြီးနေတဲ့ ဟာသဘုရင်စတီဗင်ချောင်ရဲ့ကားကို
Moviegoerstvနဲ့စတီဗင်ချောင်ဇာတ်ကားများစုစည်းမူတို့ ပူးပေါင်းပြီးတင်ဆက်လိုက်ပါတယ်

Behind the scenes of “Kung Fu Hustle”

ပုဆိန်ဂိုဏ်းကားဆိုပြီး နာမည်ကြီးနေတဲ့ ဟာသဘုရင် Steven Chow ရဲ့ Kung Fu Hustle ဆိုတဲ့ဇာတ်ကားလေးရဲ့ Behind the scene တချို့ကိုလဲစုစည်းဖော်ပြပေးလိုက်ပါတယ်နော်။

ဒီဇာတ်လမ်းရဲ့ Action Sqeuence အစအဆုံးကို တာဝန်ယူဖန်တီးပေးခဲ့တာကတော့ Yuen Woo-ping လို့ခေါ်တဲ့တရုတ်လူမျိုး Martial Art Choreographer ပဲဖြစ်ပါတယ်။

“Pig Sty Alley” မြို့ဟာဆိုရင် Chow ငယ်စဉ်ဘဝကမှာနေထိုင်ကြီးပြင်းခဲ့ရတဲ့ ဟောင်ကောင်မြို့ရဲ့ဆင်းရဲသားရပ်ကွက်ကလေးကို အခြေခံပြီးတော့ဖန်တီးထားတာပဲဖြစ်ပါတယ်။

Chow ဟာပုဆိန်ဂိုဏ်းရဲ့ခေါင်းဆောင်ကို တခြားသောဂိုဏ်းတွေကခေါင်းဆောင်တွေနဲ့မတူပဲ ပိုပြီးတော့ကြမ်းကြမ်းရမ်းရမ်းနဲ့ထူးထူးခြားခြားဖြစ်စေချင်တာကြောင့် အချိန်တွေအများကြီးယူပြီး သေချာစဉ်းစားပြင်ဆင်ခဲ့ပါတယ်။
မူးရင်းဇာတ်ညွှန်းအတိုင်းဆိုရင် မျက်ကန်းသိုင်းဆရာညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲု့သိုင်းပညာတွေကိုမိတ်ဆက်ပေးတဲ့အနေနဲ့ ငါးမန်းနဲ့ချပြတဲ့ဇာတ်ဝင်ခန်းတစ်ခန်းပါဝင်ပါတယ်။ သို့သော် CGI သမားတွေက သူတို့အဲ့လောက်ထိမဆွဲနိုင်ဘူးလို့ပြောခဲ့တာကြောင့် အဲ့အခန်းကိုဖြုတ်ချပစ်ခဲ့ရပါတယ်။
(ဖြုတ်ချခဲ့လဲ ဇာတ်လမ်းက ဘယ်လိုမှ အရသာမပျက်ခဲ့ပါဘူး)

Chow ဟာ Kung Fu ကိုတကယ်တတ်ကျွမ်းပါတယ်။ Bruce Lee ရဲ့အမာခံပရိတ်သတ်တယောက်ဖြစ်ပြီး သူတတ်ကျွမ်းသမျှ Kung Fu ပညာရပ်တိုင်းဟာ Bruce Lee ရဲ့ဇာတ်လမ်းထဲကသူ့ချကွက်တွေကိုကြည့်ပြီး ကိုယ်တိုင်လေ့ကျင်တတ်မြောက်ခဲ့တာပါ။

Yuen Qiu (သိုင်းပညာရှင်လင်မယားနှစ်ယောက်အနက်အမျိုးသမီးဖြစ်သူ) ဟာဒီဇာတ်လမ်းအတွက် သူ့သူငယ်ချင်းက လူရွေးပွဲဝင်ပြိုင်တာကို သူမကနောက်ကနေ ဇာတ်လမ်းထဲမှာသူရုပ်တည်ကြီးနဲ့ ခေါင်းကြီးမော့ပြီး ဆေးလိပ်သောက်နေတဲ့ပုံစံအတိုင်း ဆေးလိပ်ကြီးခဲပြီး ထိုင်ကြည့်နေခဲ့ပါတယ်။ ဒါကို Chow တို့ဒိုင်လူကြီးအဖွဲ့ကသတိထားမိသွားပြီး ပြိုင်ပွဲလာဝင်တဲ့သူ့သူငယ်ချင်းကိုမရွေးတော့ပဲ သူ့ကိုသာရွေးလိုက်ပါတော့တယ်။

Bruce Leung (ဖားပြုတ်သိုင်းပညာရှင်) ဟာ Steven Chow ရဲ့ငယ်ဘဝက Martial Arts နဲ့ပက်သတ်ပြီး လေးစားအားကျခဲ့ရတဲ့သူတစ်ဦးဖြစ်ပါတယ်။

Chow ဟာဒီဇာတ်လမ်းရဲ့မင်းသမီးနေရာအတွက်ကို အမျိုးသမီးပေါင်း ၈၀၀၀ လောက်ထဲကမှ အပြစ်ကင်းစင်ပြီးချစ်ဖို့ကောင်းတဲ့မျက်နှာမျိုးရှိတဲ့ Eva Huang ကိုရွေးချယ်ခဲ့ပါတယ်။ ( Crystal Liu Yifei နဲ့ Eva huang ကခွဲမရအောင်ကို ရုပ်ချင်းဆင်ကြပါတယ်၊ ဒါပေမယ့် ဘယ်လိုမှဆက်နွယ်ချင်းမရှိပါဘူး)

သိုင်းပညာရှင်လင်မယားနှစ်ယောက် သူတို့အခန်းထဲမှာ Cha-Cha အကကနေတဲ့အခန်းဟာ 1958 ခုနှစ် Hong Kong National Cha-Cha Championship မှာ Bruce Lee အနိုင်ရရှိခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဇာတ်သိမ်းပိုင်မှာ Chow ထုတ်ခဲ့တဲ့မီးလက်ဝါးသိုင်းကွက်က Fut Gar Kuen လို့ခေါ်ပြီး တောင်ပိုင်းဒေသတွေမှာသုံးတဲ့ ရှောင်လင်သိုင်းကွက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲကသိုင်းကွက်တော်တော်များများရဲ့အမည်တွေဟာ ဟောင်ကောင်ကစာရေးဆရာ Louis Cha ရဲ့စာအုပ်တွေထဲမှာပါတဲ့နာမည်တွေပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းဟာ Chow ရဲ့နာမည်အကြီးဆုံးဇာတ်လမ်းဖြစ်တဲ့ Shaolin Soccer ဇာတ်လမ်းကိုပါကျော်တက်ပြီး 2005 ခုနှစ်မှာဟောင်ကောင်ရဲ့ ဝင်ငွေအများဆုံးရရှိခဲ့တဲ့ဇာတ်ကားပါဖြစ်ခဲ့ပါတယ်။

IMDb  7.8/10
Rotten Tomatoes  90%
Metacritic  78%
Box office: 107 million USD
Reviews by Crp Moviepedia
Reviews Edit စတီဗင်ချောင်ဇာတ်ကားများစုစည်းမူ
Quality   1080p/720p
Subtitle  myanmar Subtitle
Size :  995Mb/678Mb
Translated by စတီဗင်ချောင်ဇာတ်ကားများစုစည်းမူ
Encoder : စတီဗင်ချောင်ဇာတ်ကားများစုစည်းမူ

Download link 1080p

1080P 995Mb


Download link 720P

720p 678Mb

Faithfully Yours (1988)

Faithfully Yours (1988) မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းလေးက 1988 တုန်းကထွက်ရှိခဲ့ အချစ်ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး ဒီဇာတ်ကားကို ကျောထောက်နောက်ခံလုပ်ပြီးရိုက်ကူးထားတဲ့ ကိုရီယားကားတွေ မြန်မာ ကားတွေလဲ ရှိပါတယ်
ဇာတ်လမ်း အကျဉ်းလေးကတော့အရမ်းချစ်ကျတဲ့
 သူငယ်ချင်းသုံးယောက် ကြားမှာ ကောင်မလေးတစ်ယောက် ကို အပြိုင်အဆိုင်ဝိုင်းပြီးပိုးပန်းရင် တစ်ည ကောင်မလေးအိမ်ကဖိတ်တဲ့ ညစာစားပွဲကို တက်ရောက်မိရာမှ အမူးလွန်ပြီးကောင်မလေးအခန်းထဲ မှားဝင်မိပါတယ် ကောင်မလေးမှာ ကိုယ်ဝန် ရှိလာတော့ ကလေးအဖေ ဘယ်သူဆိုတာ ?????ကြည့်ရှူ့ခံစားရမှာပဲဖြစ်ပါတယ် ဇာတ်ကားတစ်ကားလုံး စတီဗင်ချောင်ရဲ့ ထုံးစံတိုင်း ဟာသတွေဘဲ ရောနှောထားမလားဆိုတာတော့ပရိသတ်ကြီးဘဲ ကြည်ရှု့လိုက်ကြပါ

ယခုချိန်မှာရှားပါးပြီးမျိုးတုံး ပျောက်ကွယ်နေတဲ့
ဟာသဘုရင် စတီဗင်ချောင်ရဲ့ ဇာတ်ကားတွေတဝရီးကြည့်ဖို့( စတီဗင်ချောင်ဇာတ်ကားများစုစည်းမူ)page ကို see first လုပ်ထားပြီး ဟာသဘုရင်စတီဗင်ချောင်ရဲ့ဇာတ်ကားတွေ တဝရီးကြည်ရူခံစားလိုက်ကြပါ
ဇာတ်ကားတွေက ကြာခဲ့လှပြီ ဖြစ်လို့ ကြည့်ပြီးသားဖြစ်နေရင်လဲ နောက်တစ်ကြိမ်ပြန်ကြည့်ဖို့ တိုက်တွန်းပါရစေ။

Resoultion: 720p/360p
Imdb Rating: 7.1
File Size:  627 Mb /318Mb
Translated by-စတီဗင်ချောင်ဇာတ်ကားများစုစည်းမူ
Encoded by-စတီဗင်ချောင်ဇာတ်ကားများစုစည်းမူ
Encoded by Update -Phone Htet Kyaw

Download link Hd

Hd Link 627

Download Link small

Small file size 318Mb

Venom(2018) 1080p


Venom 2018

 ဆိုနီရဲ့ Spider-Man spin-off Venom အတွက် ရီဗျူးတွေက ညံ့ကောင်းညံ့နေပါလိမ့်မယ်။ ဒါပေမယ့် Symbiote ဟာ အမေရိကန်ပြည်တွင်းမှာတော့ အဖွင့် Weekend မှာ ဒေါ်လာသန်း ၈၀ ရရှိခဲ့ပြီး အောက်တိုဘာလ အဖွင့်ဝင်ငွေစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါပြီ။ တကမ္ဘာလုံးက ရုပ်ရှင်ရုံတွေမှာလည်း အလားတူ နွေးနွေးထွေးထွေး ကြိုဆိုခံခဲ့ရပြီး စုစုပေါင်း ဒေါ်လာ သန်းနှစ်ရာကျော် ရရှိထားတယ်။

 တချိန်တည်းမှာပဲ Bradley Cooper နဲ့ Lady Gaga တို့ ပါဝင်သရုပ်ဆောင် ရိုက်ကူးထုတ်လုပ်ထားတဲ့ “A Star Is Born” Musical Romance ဇာတ်ကားကတော့ ရုံဝင်ငွေ ၄၂ သန်းရရှိထားပြီး အကောင်းမြင်တဲ့ ရီဗျူး များစွာထွက်ပေါ်နေပါတယ်။

 တတိယနေရာမှာတော့ Venom နဲ့ A Star is born တို့နောက်မှာ Smallfoot အန်နီမေးရှင်းကားက ၁၄.၉ သန်းနဲ့ လိုက်ပါနေပြီး သူ့နောက်မှာ Night School နဲ့ The House with A Clock In Its Walls တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။
#Motaku
Video Size  1.2Gb/438Mb
Quality   1080p
Subtitle  myanmar Subtitle
Review   Motaku
Translated  Min Thet Oo
Encode NayMaintYaun

Download link

Hd link (1.2Gb)

Download link

Small file (438Mb)

Cj 7 2008



စတီဗင်ချောင် နောက်ဆုံးသရုပ်ဆောင်ခဲ့ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ထုံးစံတိုင်းနာမည်ကြီးစတီဗင်ချောင်ဇာတ်ကားများစုစည်းမူpage နဲ့ ပူးပေါင်းတင်ဆက်လိုက်ပါတယ်
Review မရေးတော့ဘဲ cj 7က အချက်လက်အချိုကိုတင်ဆက်ပေးလိုက်ပါတယ်
CJ7 လိုသိပ္ပံကားတောင် သူက ဒါရိုက်တာ
ဇာတ်လမ်း မင်းသားလုပ်ရိုက်ပြီး Hollywood
ထိ တိုးနိုင်ခဲ့တယ်။ သူ့ရဲ့Brainက သာမာန်
ထက်ထူးခြားတယ် ပြောရမယ်။ ဒါကြောင့်လဲ
အာရှရဲ့ Top 10 အနုပညာရှင်တွေထဲ ရှာရွတ်ခန်း ဂျက်ကီချမ်း ဂျက်လီတို့နဲ့အပြိုင် ကမ္ဘာကိုတိုးနိုင်ခဲ့တာပေါ့။ လက်ရှိထွက်ထားတဲ့ သူ ဒါရိုက်တာလုပ်ထားတဲ့ The Mermaid ဇာတ်ကားဟာလည်း တရုတ်ရုပ်ရှင်သမိုင်းရဲ့ ဝင်ငွေအကောင်းဆုံးကားအဖြစ်
အမေရိကန်ဒေါ်လာ ၅၅၃ သန်း
ရထားခဲ့သလို အာရှရဲ့ ထိပ်တန်းကားတစ်ကားအဖြစ် သမိုင်းဝင်သွားခဲ့ပါပြီ။ ဒါ့အပြင် အာရှရဲ့ အမြတ်အများဆုံးရကားရဲ့ ဒါရိုက်တာအဖြစ် Chow က ဝါရင့်ဒါရိုက်တာကြီးတွေကိုကျော်ပြီး ရပ်တည်လာခဲ့ပါတယ်။ ပထမဆုံးရုံတင်တဲ့နေ့မှာတင် အမေရိကန်ဒေါ်ဟာ ၄၀.၉ သန်းရရှိပြီး
Hollywood ရဲ့ ဒိတ်ဒိတ်ကြဲကားတွေဖြစ်တဲ့
F&F 7 / Star War / Jurassic World
တို့ကိုကျော်ပြီး တရုတ်ရဲ့ သမိုင်းတွင်သွားတဲ့ ကားကြီးတစ်ကားပါပဲ။ စတီဗင်ချောင်ကိုလဲ ဝါရင့်အဘကြီးတွေဖြစ်တဲ့ ဂျက်ကီချမ်းဂျက်လီတို့ကလေးစားချီးကျူးခဲ့ကြတယ်။
Quality;: Bluray 1080p
Size : 999 MB , 631MB 358Mb
Translated By Zein
Encoder By zein
Review စတီဗင်ချောင်ဇာတ်ကားများစုစည်းမူ


download Link


Download link


Download Link




Doraemon the Movie 2017: Great Adventure in the Antarctic Kachi Kochi




Doraemon the Movie 2017: Great Adventure in the Antarctic Kachi Kochi
[ရုပ်​ရှင်​]ဒိုရေမွန်​:နိုဘိတ၏ကြီးကျယ်​မြင့်​မြတ်​သောစွန့်​စားခန်းများနှင့်​အတူတောင်​ဝင်​ရိုးစွန်းရေခဲပြင်​ဒေသသို့အထည်​သွားခြင်း ကာချီ ကိုချီ(၂၀၁၇)

ဒီကားလေးကတော့ဒိုရေမွန်​ကား၃၇ကားမြောက်​ဖြစ်​ပါတယ်​။ဝတ္ထုနှင့်​ဇာတ်​ညွှန်းကတော့အဆုရှီ တာကာဟာရှီကရေးစပ်​ထားတာပါ။တာကာဟာရှီကတော့အကယ်​ဒမီဆုရထားတဲ့Sprited Awayကားကိုရေးစပ်​တဲ့စာရေးဆရာဟာယောင်းမီဇာယာကီရဲ့လက်​ထောက်​ဒါရိုက်​တာဖြစ်​ပါတယ်​။အခုဒီDoraemonကားလေးကတော့၂၀၁၇ခုနှစ်​မတ်​လ၂ရက်​နေ့မှာထွက်​ရှိခဲ့တာဖြစ်​ပါတယ်​။ဒီကားလေးကတော့အမေရီကန်​ဒေါ်လာUS$65.1 million[1]အကုန်​ခံပြီးရိုက်​ထားတာပါ။မူရင်းကတော့ဖူဂျီကို.F.ဖူဂျီရိုဖြစ်​ပါတယ်​။ကားထဲမှာပါတဲ့ဇာတ်​ဝင်​တေးကတော့(僕の心をつくってよ, Make My Heart) ဖြစ်​ပြီးတေးသံရှင်​ကတော့ Ken Hiraiဖြစ်​ပါတယ်​။
Review-အလွန်​ပူပြင်းတဲ့နွေရာသီကျောင်းပိတ်​ရက်​တစ်​ရက်​မှာတိုကျိုမြို့မှာအပူချိန်​တွေအလွန်​မြင့်​တက်​နေသဖြင့်​ဒိုရေမွန်​တို့အုပ်​စုဟာအန္တာတိကတိုက်​ကိုသွားပြီးရေခဲကစားကွင်းဆောက်​ရင်းကနေပြီးတော့ရွှေကွင်းလေးတစ်​ကွင်းကိုရရှိခဲ့ပါတယ်​။အဲ့ဒီရွှေကွင်းလေးကိုသက်​တမ်းတိုင်းတာကြည့်​လိုက်​ရာမှာလွန်​ခဲ့တဲ့နှစ်​တစ်​သိန်းကပစ္စည်းဖြစ်​နေပါတယ်​။လွန်​ခဲ့တဲ့နှစ်​တစ်​သိန်းမှာအန္တာတိကတိုက်​မှာလူတွေရောတကယ်​ရှိသလား။ရွှေကွင်းလေးကိုရောဘယ်​လိုလူတွေကပြုလုပ်​ခဲ့တာလဲဆိုတာကိုကျွန်​တော်​တို့Doraemon Myanmarမှဘာသာပြန်​တင်​ဆက်​ပေးလိုက်​ပါတယ်​။ကြည့်​ရှုအားပေးကြပါဦး။

 Resoultion: 720p/360p
Imdb Rating: 7.1
File Size:  928 Mb /423Mb
Translated by-Tin Zar Mōe
စာဖိုင်​ပြင်​-မင်းဖြိုးဇင်​(မြောင်းမြ)
Encoded by-Nay Maint Yaun

 Downloadlink HD (923mb)


Download link (423MB)





FaithFully Yours (1988) မြန်မာစာတန်းထိုး








 ဒီဇာတ်လမ်းလေးက 1988 တုန်းကထွက်ရှိခဲ့ အချစ်ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး ဒီဇာတ်ကားကို ကျောထောက်နောက်ခံလုပ်ပြီးရိုက်ကူးထားတဲ့ ကိုရီယားကားတွေ မြန်မာ ကားတွေလဲ ရှိပါတယ်
ဇာတ်လမ်း အကျဉ်းလေးကတော့
အရမ်းချစ်ကျတဲ့ သူငယ်ချင်းသုံးယောက် ကြားမှာ ကောင်မလေးတစ်ယောက် ကို အပြိုင်အဆိုင်ဝိုင်းပြီးပိုးပန်းရင် တစ်ည ကောင်မလေးအိမ်ကဖိတ်တဲ့ ညစာစားပွဲကို တက်ရောက်မိရာမှ အမူးလွန်ပြီးကောင်မလေးအခန်းထဲ မှားဝင်မိပါတယ် ကောင်မလေးမှာ ကိုယ်ဝန် ရှိလာတော့ ကလေးအဖေ ဘယ်သူဆိုတာ ?????ကြည့်ရှူ့ခံစားရမှာပဲဖြစ်ပါတယ် ဇာတ်ကားတစ်ကားလုံး စတီဗင်ချောင်ရဲ့ ထုံးစံတိုင်း ဟာသတွေဘဲ ရောနှောထားမလားဆိုတာတော့
ပရိသတ်ကြီးဘဲ ကြည်ရှု့လိုက်ကြပါ

Resoultion: 720p/360p
Imdb Rating: 5.8
Genre: Comedy
File Size: 1.1Gb/ 574 Mb
Translated By စတီဗင်ချောင်ဇာတ်ကားများစုစည်းမူ
Encoded By စတီဗင်ချောင်ဇာတ်ကားများစုစည်းမူ

small file (Openload):  Download 

Mickeys Christmas Caro(1989)မြန်မာစာတန်းထိုး


ကဲအခုMGပရိတ်တွေကိုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ကလေးဘဝကိုပြန်တမ်းတစေမယ့်မစ်ကီရဲ့ခရစ်စမတ်ကားလေးတစ်ကားပါ ဇာတ်လမ်းအကျဉ်းလေးကတော့ Scroogeဆိုတဲ့ဘုရင်ခံက ပိုက်ဆံရှိသလောက်တော်တော်ကပ်စေးနဲပါတယ်ဗျာ အဲ့မှာသူ့စီမှာအလုပ်လုပ်တဲ့ Cratchitဆိုတဲ့အလုပ်သမားတစ်ယောက်ရှိတယ် အဲ့အလုပ်သမားကခရစ်စမတ်မို့နေ့တစ်ဝက်ခွင့်တောင်းတာတောင်နေ့တစ်ဝက်စာလစာဖြတ်ပါတယ်အဲ့လောက်ကပ်စေးနဲတာပါ နောက်ဆုံးပိုင်းScroogeဘယ်လိုပညာရသွားလဲဆိုတာကိုဆက်လက်ကြည့်ရှူရအောင်ဗျာ Qty - WEB-DL 1080
Run Time - 25မိနစ်
File Size - 444
Reviwe By Phone Htet Kyaw
Translated By Kyaw Htay Aung
Encoded By Phone Htet Kyaw

Kung Fu Hustle (2004) မြန်​မာစာတန်းထိုး


Behind the scenes of “Kung Fu Hustle”

ပုဆိန်ဂိုဏ်းကားဆိုပြီးရပ်ကွက်ထဲနာမည်ကြီးနေတဲ့ ဟာသဘုရင် Steven Chow ရဲ့ Kung Fu Hustle ဆိုတဲ့ဇာတ်ကားလေးရဲ့ Behind the scene တချို့ကိုလဲစုစည်းဖော်ပြပေးလိုက်ပါတယ်နော်။

၁၊ ဒီဇာတ်လမ်းရဲ့ Action Sqeuence အစအဆုံးကို တာဝန်ယူဖန်တီးပေးခဲ့တာကတော့ Yuen Woo-ping လို့ခေါ်တဲ့တရုတ်လူမျိုး Martial Art Choreographer ပဲဖြစ်ပါတယ်။

၂၊ “Pig Sty Alley” ဟာဆိုရင် Chow ငယ်စဉ်ဘဝကမှာနေထိုင်ကြီးပြင်းခဲ့ရတဲ့ ဟောင်ကောင်မြို့ရဲ့ဆင်းရဲသားရပ်ကွက်ကလေးကို အခြေခံပြီးတော့ဖန်တီးထားတာပဲဖြစ်ပါတယ်။

၃၊ Chow ဟာပုဆိန်ဂိုဏ်းရဲ့ခေါင်းဆောင်ကို တခြားသောဂိုဏ်းတွေကခေါင်းဆောင်တွေနဲ့မတူပဲ ပိုပြီးတော့ကြမ်းကြမ်းရမ်းရမ်းနဲ့ထူးထူးခြားခြားဖြစ်စေချင်တာကြောင့် အချိန်တွေအများကြီးယူပြီး သေချာစဉ်းစားပြင်ဆင်ခဲ့ပါတယ်။

၎၊ မူးရင်းဇာတ်ညွှန်းအတိုင်းဆိုရင် မျက်းကန်းသိုင်းဆရာညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲု့သိုင်းပညာတွေကိုမိတ်ဆက်ပေးတဲ့အနေနဲ့ ငါးမန်းနဲ့ချပြတဲ့ဇာတ်ဝင်ခန်းတစ်ခန်းပါဝင်ပါတယ်။ သို့သော် CGI သမားတွေက သူတို့အဲ့လောက်ထိမဆွဲနိုင်ဘူးလို့ပြောခဲ့တာကြောင့် အဲ့အခန်းကိုဖြုတ်ချပစ်ခဲ့ရပါတယ်။

၅၊ Chow ဟာ Kung Fu ကိုတကယ်တတ်ကျွမ်းပါတယ်။ Bruce Lee ရဲ့အမာခံပရိတ်သတ်တယောက်ဖြစ်ပြီး သူတတ်ကျွမ်းသမျှ Kung Fu ပညာရပ်တိုင်းဟာ Bruce Lee ရဲ့ဇာတ်လမ်းထဲကသူ့ချကွက်တွေကိုကြည့်ပြီး ကိုယ်တိုင်လေ့ကျင်တတ်မြောက်ခဲ့တာပါ။

၆၊ Yuen Qiu (သိုင်းပညာရှင်လင်မယားနှစ်ယောက်အနက်အမျိုးသမီးဖြစ်သူ) ဟာဒီဇာတ်လမ်းအတွက် သူ့သူငယ်ချင်းက လူရွေးပွဲဝင်ပြိုင်တာကိုနောက်ကနေ ဇာတ်လမ်းထဲမှာသူရုပ်တည်ကြီးနဲ့ ခေါင်းကြီးမော့ပြီး ဆေးလိပ်သောက်နေတဲ့ပုံစံအတိုင်း ဆေးလိပ်ကြီးခဲပြီး ထိုင်ကြည့်နေခဲ့ပါတယ်။ ဒါကို Chow တို့ဒိုင်လူကြီးအဖွဲ့ကသတိထားမိသွားပြီး ပြိုင်ပွဲလာဝင်တဲ့သူ့သူငယ်ချင်းကိုမရွေးတော့ပဲ သူ့ကိုသာရွေးလိုက်ပါတော့တယ်။

၇၊ Bruce Leung (ဖားပြုတ်သိုင်းပညာရှင်) ဟာ Steven Chow ရဲ့ငယ်ဘဝက Martial Arts နဲ့ပက်သတ်ပြီး လေးစားအားကျခဲ့ရတဲ့သူတစ်ဦးဖြစ်ပါတယ်။

၈၊ Chow ဟာဒီဇာတ်လမ်းရဲ့မင်းသမီးနေရာအတွက်ကို အမျိုးသမီးပေါင်း ၈၀၀၀ လောက်ထဲကမှ အပြစ်ကင်းစင်ပြီးချစ်ဖို့ကောင်းတဲ့မျက်နှာမျိုးရှိတဲ့ Eva Huang ကိုရွေးချယ်ခဲ့ပါတယ်။ ( Crystal Liu Yifei နဲ့ Eva huang ကခွဲမရအောင်ကို ရုပ်ချင်းဆင်ကြပါတယ်၊ ဒါပေမယ့် ဘယ်လိုမှဆက်နွယ်ချင်းမရှိပါဘူး)

၉၊ သိုင်းပညာရှင်လင်မယားနှစ်ယောက် သူတို့အခန်းထဲမှာ Cha-Cha အကကနေတဲ့အခန်းဟာ 1958 ခုနှစ် Hong Kong National Cha-Cha Championship မှာ Bruce Lee အနိုင်ရရှိခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းရိုက်ကူးခဲ့တာဖြစ်ပါတယ်။

၁၀၊ ဇာတ်သိမ်းပိုင်မှာ Chow ထုတ်ခဲ့တဲ့မီးလက်ဝါးသိုင်းကွက်က Fut Gar Kuen လို့ခေါ်ပြီး တောင်ပိုင်းဒေသတွေမှာသုံးတဲ့ ရှောင်လင်သိုင်းကွက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။

၁၁၊ ဒီဇာတ်လမ်းထဲကသိုင်းကွက်တော်တော်များများရဲ့အမည်တွေဟာ ဟောင်ကောင်ကစာရေးဆရာ Louis Cha ရဲ့စာအုပ်တွေထဲမှာပါတဲ့နာမည်တွေပဲဖြစ်ပါတယ်။

၁၂၊ ဒီဇာတ်လမ်းဟာ Chow ရဲ့နာမည်အကြီးဆုံးဇာတ်လမ်းဖြစ်တဲ့ Shaolin Soccer ဇာတ်လမ်းကိုပါကျော်တက်ပြီး 2005 ခုနှစ်မှာဟောင်ကောင်ရဲ့ ဝင်ငွေအများဆုံးရရှိခဲ့တဲ့ဇာတ်ကားပါဖြစ်ခဲ့ပါတယ်။

Reviews by Crp Moviepedia

Size : 944 MB , 272 MB

Translated by စတီဗင်ချောင်ဇာတ်ကားများစုစည်းမူ

Encoder : Chan Myint Oo

Openload 720p : Download

Openload 360p : Download

Google Drive 720p : Download

Google Drive 360p : Download

Hulk: Where Monsters Dwell (2016) မြန်​မာစာတန်းထိုး





ကျွန်တော်တို့ Movie Goers Tv ရဲ့ ၂၀၁၆ animation တစ်ကားဖြစ်တဲ့ Doctor Strange and Hulk ကားလေးကို
တင်ဆက်ပေးလိုက်ပါတယ်
Halloween မတိုင်ခင်အကြိုညလေးမှာ Manhattan မြို့လေးမှာ Halloween ပွဲအတွက်ကလေးရောလူကြီးများပါအလုပ်ရှုပ်နေကြပါတယ် Halloween ရဲ့ပွဲတော်အတိုင်း အိမ်ပေါက်စေ့ ကလေးတွေဟာ ချိုချဉ်တွေသကြားလုံးတွေကို လိုက်လံတောင်းခံကြတာပေါ့ Dr Strange အိမ်ရှေ့အရောက် ထူးဆန်းတာတွေနဲ့ လာတောင်းတဲ့ကလေးတွေကြုံရပါတော့တယ် အဲ့အချိန်မှာပဲ Hulk ရောက်လာပြီး မကောင်းဆိုးဝါးတွေကိုနှိမ်နင်းခဲ့ပါတယ် မကြာခင်ပဲ Howling Commandos တွေနဲ့ဆုံတွေ့ခဲ့ကြပြီး Dr Strange က သူ့ကိုမိသားစုတစ်စုက သူတို့သား Benito ရဲ့ အိပ်စက်ပုံနဲ့ပတ်သက်ပြီးကုသပေးဖို့တောင်းဆိုလာတဲ့အခါ အိပ်မက်တွေကိုအုပ်ချုပ်သူ Nightmare လက်ချက်မှန်း Dr Strange သိသွားခဲ့ပြီး နောက်ထပ်သူတွေလည်း Benito လိုမဖြစ်အောင် လိုက်လံတားဆီးရပါတော့တယ်

Dr Strange,Hulk နဲ့ Howling Commandos တို့ Manhattan မြို့လေးကိုကာကွယ်နိုင်မလား လက်လွှတ်လိုက်ရမလား အိပ်ပျော်နေတဲ့မြို့သူမြို့သားတွေကပဲ Nightmare ထိန်းချုပ်မှုခံရမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြပါခင်ဗျာ
အားလုံးပဲ Dr Strange Movie အကြိုအတွက်
တင်ဆက်ပေးလိုက်ပါတယ်....

Translate  by: ChocoPie
Encode by: Chan Myint Oo
Quality 720P HD
Size 600 MB, 310 MB

Openload 720p : Download

Openload 360p : Download

Google Drive 720p : Download

Google Drive 360p : Download

Bitcoin Heist (2016) မြန်​မာစာတန်းထိုး






IMbD Rating 6.0 ရထားတဲ့ဗီယက်နမ် Action/comedy ဇာတ်ကားကောင်းလေးတစ်ခုပါ
 ဇာတ်လမ်းအကျဉ်းလေးကတော့  ဘစ်ကွိုင်း ဆိုတဲ့ ဒစ်ဂျစ်တယ် ငွေကြေးက ခေတ်စားနေတဲ့ ၂၀၂၀ ခုနှစ်အချိန်လေးပါ၊ ဒါပေမယ့် ဘစ်ကွိုင်းကို တရားမ၀င်ငွေကြေးအဖြစ် သတ်မှတ်ထားကြပါတယ်။ဘာလို့လဲဆိုတာ့ ဒီငွေကြေးကအလွယ်တကူ  အင်တာနက်ပေါ်မှာ ဘဏ်တွေနဲ့ချိတ်ဆက်စရာမလိုဘဲ လွဲနိုင်လို့ပါ၊။
ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ခေါင်းစားစေသလို နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း ၀ိညာဉ်ဆိုတဲ့ ဟက်ကာကို အပူတပြင်းလိုက်ရှာဖမ်းနေကြပါတယ်၊ ဘာလို့လဲဆိုတော့ ၀ိညာဉ်ဆိုတဲ့ ဟက်ကာ ကွန်ပျူတာတွေကို အွန်လိုင်းကနေ အုတ်ဂူလို့နာမည်ပေးထားတဲ့ဗိုင်းရပ်တစ်မျိုးဖြန့်ပြီး ဘစ်ကွိုင်းငွေကြေးတွေ အကြပ်ကိုင် တောင်းခံနေလို့ပါ  ဒီလိုခြေရာဖျောက်ကောင်းတဲ့ ၀ိညာဉ်ဆိုတဲ့ ဟက်ကာကို  ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ဘယ်လိုများနည်းလမ်းတွေနဲ့ ဖမ်းဖို့ကြံစည်ခဲ့သလဲ ဖမ်းမိမှာလဲ လွတ်သွားမှာလဲ ၀ိညာဉ်ကဘယ်သူလဲဆိုတာကိုမထင်မှတ်တဲ့ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ဘယ်လိုဖြစ်သွားသလဲဆိုတာကို စောင့်ကြည့်ုလိုက်ကြပါ


File Size : (848 MB) and (529 MB)
Quality : 720pBluray
Running Time : 1hr 50minutes
Format : Mp4
Genre : Action
Subtitle : Myanmar Subtitle (Hard Sub)
Translated by Aung Myint Oo
Encode by Chan Myint Oo

Openload 720p :  Download

Openload 360p :  Download

Google Drive 720p : Download

Google Drive 360p : Download

The Mad Monk (1993) မြန်​မာစာတန်းထိုး

မင်းသားကြီးစတီဘင်ချောင်ရဲ့ ၁၉၉၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ကျိကုန်း ကားကိုတင်ဆက်ပေးလိုက်ပါတယ်
မြန်မာပရိတ်သတ်တော်တော်များများက တရုပ်ရာဇ၀င်သမိုင်းကြောင်းထဲက ၀ူခုန်းတို့ နော်ကျား တို့ကို ရင်းနှီးကြပြီး
ဒီစိတ်မနှံတဲ့ကိုယ်တော် ကျိကုန်း ကိုတော့ သိပ်မရင်းနှီးကြပါဘူးအခုကားလေးကိုကျိလိုက်ရင်တော့ အားလုံးရင်းနှီး သွားကြမှာဖြစ်သလိုပဲ မင်းသားကြီးစတီဘင်ချောင်ရဲ့ အလန်းစား ဒိုင်တွေနဲ့တကားလုံးကို မပျင်းစေပဲကြည့်ရမှာမို့ အခုပဲ ကူးယူကြည့်လိုက်ပါတော့လို့ပဲ ပြောလိုက်ပါရစေတော့ဗျာ အရင်ခေတ်အခါက ကားမို့
DVD အနေနဲ့သာထွက်ရှိထားပြီး Side – A နဲ့ Side – B ဆိုပေမဲ့ တစ်​ကားတည်းပေါင်းပြီး တည်​ဆက်​ပေးလိုက်​ပါတယ်

Quality;: Bluray 720p
Size : 723 MB , 421 MB
Translated By Anonymous
Tirming Sync by Zein
Encoder : Chan Myint Oo

Openload 720p : Download

Openload 360p : Download

Google Drive 720p : Download

Google Drive 360p : Download

Detective Dee: The Four Heavenly Kings (2018)1080p မြန်​မာစာတန်းထိုး


ရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee – Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။
၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီးရှင်ဘုရင်က စုံထောက်တီ(ဒီး)ကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့် မိဖုရားဝူက အမျက်ရှတော်မူပါတယ်…စုံထောက်တီ(ဒီး)လို ဦးနှောက်ပဲရှိပြီး မျိုးရိုးက မင်းမှုထမ်း သာမန်ဖြစ်နေတဲ့ လူမျိုးကို အာဏာအပ်နှင်းရမလားဆိုပြီးတော့ပေါ့။(အဲ့ဒီခေတ်ကတည်းက အသိဥာဏ်ပညာရှိတဲ့လူတွေထက် မျိုးရိုးက ပိုစကားပြောခဲ့ကြပုံပေါ်ပါတယ်..ဤကား စကားချပ်။)ဒါနဲ့ မိဖုရားဝူက ပွဲကြမ်းတော်မူတယ်ပေါ့…ရှင်ဘုရင်ကလဲ သူ့မိဖုရားကို ချစ်ခင်နှစ်သက်တော်မူတာကြောင့် မယ်တော်ဝူဟာ ဘုရင်မတစ်ပါးလိုဖြစ်နေတော့ နန်းတွင်းထဲ လုပ်ချင်ရာလုပ်နေသတဲ့။မိဖုရားဝူကတော့ နဂါးနိုင်ဓါး (ကျိုင်းတံ)ကိုပဲ ပြန်သိမ်းပြီး စုံထောက်တီ(ဒီး)ကို တွယ်ထုတ်ချင်ယုံပါ။ဒါပေမယ့် ရှေ့မင်းဆက်လက်ထက်က ရာဇဝင်ကြွေးမကျေတဲ့ အိန္ဒိယက နတ်ဝိဇ္ဇာ စစ်သည်တော်တွေ မိဖုရားဝူကိုအကြောင်းပြုလို့ဒီအမှုတွဲထဲကို ပါဝင်လာတဲ့အခါမှာတော့…စုံထောက်တီ(ဒီး) ဘယ်လိုဖြေရှင်းမလဲဆိုတာ…။ရိုက်ကူးထားတဲ့ သိုင်းကွက်တွေ လက်နက်ပစ္စည်းတွေ Special Effect တွေကတော့ ပြောနေကြအတိုင်း တဝိုးဝိုးဖြစ်ရမှာပါ။ဒီဇာတ်ကားကိုကြည့်ပြီးမှ ၂၀၁၀ က စုံထောက်တီ(ဒီး) ဇာတ်ကားကို ကြည့်သင့်ပါတယ်..။တရုတ်ပြည်သမိုင်းမှာ ထက်မြက်တယ် ဥာဏ်ပညာရှိတယ် ကောက်ကျစ်တယ် ရက်စက်တယ် အမျိုးမျိုးအဖုံဖုံ ပြောဆိုနေကြတဲ့ တစ်ဦးတည်းသောဘုရင်မဖြစ်ခဲ့တဲ့ Empress Wu တဖြစ်လဲ Wu Zetian အကြောင်းကို အနည်းငယ်မြည်းစမ်းကြည့်နိုင်မှာပါ။

File size…(1.3 GB) and (500 MB)
Quality…WEB-DL Rip 720p
Format…mp4
Duration….02:12:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Chan Myint Oo
Translated by Ying Ying

Openload 1080p : Download

Openload 720p : Download

Openload 360p : Download

Google Drive 1080p : Download

Google Drive 720p   : Download

Google Drive  360p  : Download

The Little Vampire 3D (2017) မြန်​မာစာတန်းထိုး

အသက်ဆယ့်သုံးနှစ်အရွယ် သွေးစုပ်ဖုတ်ကးလေး ရူဒေါ့ဖ် ဟာ အုတ်ဂူတွေ၊ ရဲတိုက်ဟောင်းကြီးတွေနဲ့ သွေးစုပ်ဖုတ်ကောင်တွေကို စူးစမ်းနှစ်သက်တတ်တဲ့ တိုနီဆိုတဲ့ လူသားကောင်လေးနဲ့ သူငယ်ချင်းဖြစ်သွားကြတယ်။ သွေးစုပ်ဖုတ်တွေကိုနှိမ်နင်းအမဲလိုက်နေကြတဲ့ မုဆိုးတွေဆီက ရူဒေါ့ဖ်နဲ့ သူ့မိသားစုကို တိုနီက ဘယ်လိုကူညီကယ်ဆယ်ပေးမယ်၊ ဘယ်လိုမ်ျုးသူငယ်ချင်းတွေဖြစ်လာကြမလဲ ဆိုတာကိုတော့ ပိတ်ကားထက်မှာ ပျော်ပျော်ရွှင်ရွှင်စောင့်ကြည့်ရမှာပါ။

Quality : Bluray 720p
Size : 818 MB , 341 MB
Review NaNa Yuni
Translated by May Thazin Myint
Encoder : Chan Myint Oo

Openload 720p :   Download

Openload 360p  :    Download

Google Drive 720p : Download

Google Drive 360p : Download

Office Uprising (2018) မြန်​မာစာတန်းထိုး

လက်နက်စက်ရုံတစ်ခုမှာအလုပ်လုပ်ပေမယ့် ဒတ်စမွန် က မလုပ်မရှုပ်မပြုတ် ရေသာခို တဲ့ ငပျင်းတစ်ကောင်ပါ။ တစ်နေ့တော့ စစ်တပ်ကထွင်လိုက်တဲ့အားဖြည့်အချိုရည်သောက်မိသွားတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ စိတ်မနှံ့တဲ့ အကြမ်းဖက်သမားတွေအဖြစ်ရောက်ရှိသွားပါတယ်။

ဒတ်စမွန်ရယ်၊ သူ့ရဲ့ crushကောင်မလေး စမန်သာရယ်၊ အချိုရည်မသောက်ရသေးလိုလူကောင်းအဖြစ်ရှိနေသေးတဲ့လုပ်ဖော်ကိုင်ဘက် လန်စဝေါ့နဲ့ မော်ရက်တို့နဲ့အတူတူ ခေတ်မီတဲ့လက်နက်အပြည့်တပ်ဆင်ထားတဲ့ အကြမ်းဖက်သမားတစ်အုပ်လက်ထဲကနေ ဘယ်လိုလွတ်အောင်အသက်လုရုန်းကန်ရမလဲဆိုတာကို ရင်တဖိုဖိုနဲ့ဟာသလေးနှောပြီးကြည့်ရမှာပါ။

Quality : Bluray 1080p
Translated by d3mon
Size : 849 MB, 642 MB, 336 MB
Encoder : Chan Myint Oo

Openload 1080p : Download

Openload 720p : Download

Openload 360p : Download

Google Drive 1080p : Download

Google Drive 720p :  Download

Google Drive 360p :  Download

Nine Lives (2016) မြန်​မာစာတန်းထိုး

ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတဲ့ အူနာနေအောင်ရယ်ရတဲ့ ဟာသကားကောင်းလေးပါ။

အိမ်ပြန်ဖို့မေ့တဲ့ထိအောင် အလုပ်ပြီးရင်းအလုပ်ဖြစ်နေတဲ့ Tom Brand ဟာ ဇနီးနှစ်ယောက်အပေါ်မှာရော တစ်ဦးတည်းသောသမီးလေးအပေါ်မှာလည်း တာဝန်မကျေတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ ရေဘတ်ကာလို့ခေါ်တဲ့သမီးလေးက ကြောင်မွေးချင်တာကိုလည်း ကြောင်မုန်းတဲ့ Tomက ခွင့်မပြုပါဘူး။

ဒါပေမယ့် သမီးရဲ့မွေးနေ့မှာတော့အလိုလိုက်မယ်ဆိုပြီး ကြောင်ရောင်းတဲ့ဆိုင်လိုက်ရှာရာကနေ ထူးဆန်းတဲ့ဆိုင်ကို ရောက်သွားခဲ့ရပြီး ကြောင်တစ်ကောင်နဲ့တွေ့ခဲ့ပါတယ်။ ကြောင်တစ်ကောင်မှာ အသက်ကိုးချောင်းရှိတယ်လို့ အဆိုရှိပါတယ်။ ရောင်းသူကပြောတာတော့ဒီကြောင်မှာ အသက်နှစ်ချောင်းပဲကျန်တော့သတဲ့။

ဘာပဲဖြစ်ဖြစ်သူဝယ်လာလိုက်ပြီး အပြန်လမ်းပေါ်မှာ အက်ဆီးဒန့်တစ်ခုနဲ့ကြုံရလို့ ဆေးရုံမှာ ကိုမာဝင်ပြီးလဲနေတဲ့အချိန် ဝိညာဉ်က ကြောင်ကြီး Mr.Fuzzypantထဲ ရောက်သွားလေရဲ့။ ကြောင်တစ်ကောင်အနေနဲ့ သူဟာလူသားတစ်ယောက်ဖြစ်တယ်ဆိုတာကိုအသိပေးမလဲ၊ အခက်အခဲတွေကြားကနေဘယ်လိုတသောသာရယ်ရမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပါ

Quality : Bluray 720p
Size : 867 MB, 348 MB
Translated by Tariq L Walker
 Review NaNa Yuni
Encoder : Chan Myint Oo

Openload 720p   : Download

Openload 360p    :  Download

Google Drive 720p : Download

Google Drive 360p :Download

Jackass 3D Unrated (2010) မြန်​မာစာတန်းထိုး

ဒီကားကတော့ ရုပ်ရှင်လို့ဆိုရမှာထက် အမိုက်စားအလန်းစားဖြစ်တဲ့အပြင် ရယ်လည်းရယ်ရတဲ့ စတန့်တွေကို တဝကြီးကြည့်ရမှာဖြစ်ပါတယ်။ ဥပမာ အာဖရိကပျားကောင်ကြီးတွေအပြည့်သိပ်ထားတဲ့ လှောင်အိမ်ကို ဘောလုံးအဖြစ် ခေါင်းနဲ့တိုက်ရတာတို့ ၊ လန်ဘော်ဂျီနီကားနဲ့ သွား ချိုး တာတို့၊ ဆင်ကော်/စူပါဂလူးနဲ့အရင်သုတ်ပြီးမှ ရင်ဘတ်မွှေးနှုတ်တာတို့ တော်တော်ဆန်းကျယ်တဲ့ စတန့်တွေပါပဲ။ ရင်ခုန်ရင်တုန်ချင်တဲ့သူတိုင်းကြည့်သင့်တဲ့ကားပါ!!!!! ရင်တုန်ရင်းနဲ့လည်း အူနာနေအောင်ရယ်ရမှာ!!!

ဆယ့်ရှစ်အပေါင်းတွေပဲ ကြည့်ပါနော်။ ကလေးတွေကို ပြရင် ပေါက်ကရလိုက်လုပ်နေမှဖြင့် နားကားသွားမယ်!

Quality : Bluray 720p

Size : 745 MB , 385  MB

Review : NaNa Yuni

Translated : Zein Zein

Encoder : Chan Myint Oo

Openload 720p : Download

Openload 360p : Download


Bleach (2018) မြန်​မာစာတန်းထိုး





သရဲတွေကိုမြင်နိုင်တဲ့အစွမ်းနဲ့ ကောင်လေး အိချီကိုဟာ ကွယ်လွန်သူတွေရဲ့ဝိညာဉ်ကိုသန့်စင်ပြီး တမလွန်ပို့ဆောင်ပေးတဲ့ သေမင်း အမျိုးသမီး ယူကိယ နဲ့တွေ့ဆုံခဲ့ပါတယ်။

သေမင်းလက်ကလွတ်သွားတဲ့ ဝိညာဉ်တွေဟာ ဆိုးသွမ်းတဲ့မကောင်းဆိုးဝါးအဖြစ်ပြောင်းသွားတတ်တဲ့အခါ သူတို့ကိုရှင်းလင်းသုတ်သင်ဖို့က သေမင်းမှာတာဝန်ကျလာပါတယ်။

သေမင်း အမျိုးသမီး ယူကိယ က မကောင်းဆိုးဝါးတစ်ကောင်ကို တိုက်ခိုက်ရင်း အကြောင်းတစ်ခုကြောင့် သူမရဲ့အစွမ်းတွေကို အိချီကိုဆီ လွှဲပေးလိုက်တဲ့နောက်မှာတော့ သေမင်းရဲ့တာဝန်ရပ်အသီးသီးဟာ အိချီကိုခေါင်းပေါ်ပုံကျလာပြိး ဘာတွေဆက်ဖြစ်မလဲ၊သူ့ရဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်ပါ့မလား စသဖြင့်ရင်ခုန်မှုအပေါင်းနဲ့ စောင့်ကြည့်ရမယ့်ကားကောင်းလေးပါ။

Quality : WEB RIP
Size: 1GB , 430MB
Review : NaNa Yuni
Translated Soulsub Team
Encoder : Chan Myint Oo

Openload 720p : Download

Openload 360p : Download

Google Drive  720p : Download

Google Drive 360p : Download   

Justice League-The New Frontier (2008) မြန်​မာစာတန်းထိုးး

ဒီတစ်ခါDC Animationထဲ ပထမဦးဆုံး Justice League Movieပါ အစမှာ စာရေးဆရာတစ်ယောက် ဟောကိန်းကနေ The Centre(ဗဟို) ကြောင့် ကမ္ဘာပျက်မှာကနေစပါတယ် လူအစုံမတွေ့ရပေမယ့် ဒီကားလေးမှာ
Barry Allen(Flash)နဲ့ Hal Jordan(Green Lantern) တို့က ဇာတ်လိုက်နေရာက ပါပါတယ် ကျွန်တော်တို့ရဲ့ Idol ဖြစ်တဲ့ Batmanကိုတော့ သိပ်မတွေ့ရပါဘူး ဒီလိုနဲ့ The Centreကနေ အမျိုးမျိုးသော ကမ္ဘာဖျက်ကောင်တွေ ထွက်လာပြီး
Justice League တို့အနေနဲ့ တားဆီးနိုင်မလား Superman အနေနဲ့ အသက်ရှင်နိုင်ပါ့မလား အမြဲတမ်းဘောင်မဝင် Flashကရော ကမ္ဘာကြီးကို ကယ်တင်နိုင်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ပေးကြပါခင်ဗျာ

Quality : Bluray 720p
Size : 571 MB , 293 MB
Translated & Review By Thet Oo Zaw
Encoder : Chan Myint Oo

720p : Download

360p : Download

Contact Form

Name

Email *

Message *

Total Visitors

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Movie Goers Tv-မြန်မာစာတန်းထိုး - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger