Latest Movie :

The Nun (2018) မြန်​မာစာတန်းထိုး

The Nun (2018) မြန်​မာစာတန်းထိုး

The Conjuring Universeမှာ The Nunရဲ့Timelineကို ပြောရမယ်ဆိုရင်တော့ 1952မှာ Romaniaက St. Carta
ဘုရားကျောင်းကြီးမှာ The Nunဆိုတဲ့ (Valak)ကြီးနဲ့
Father Burkeနဲ့ Sister Ireneတို့ တွေ့ဆုံ တိုက်ခိုက်ကြ
ပါတယ်..
Valakကြီးကတော့ 1952မတိုင်ခင်ကတည်းက ရှိနေခဲ့တာပါ..
Valakကြီးဟာ အခြားရုပ်ရှင်တွေမှာ ပါလာဦးမှာ ဖြစ်တဲ့အတွက်
The Nunရုပ်ရှင်မှာ မသေဘူးဆိုတာတော့ လူတိုင်းသိပြီးသား
ဖြစ်မှာပါ..

(Annabelle: Creation)
ဒီတော့ နောက် ၃နှစ်အကြာ 1955မှာ Mr.Mullinsတို့ လင်မယားအိမ်ကို မိဘမဲ့ကလေးတွေနဲ့အတူ ရောက်လာတဲ့
Sister Charlotteဟာ Romaniaက St. Carta
ဘုရားကျောင်းကြီးကို သွားရောက်ဖူးသူဆိုတာ
Annabelle: Creationမှာ တွေ့ရမှာပါ..
St Cartaကို ရောက်စဉ်မှာ ရင်းနီးခဲ့တဲ့ အခြား Sisterတွေနဲ့ အတူတူရိုက်ထားတဲ့ ပုံမှာ Valakကို မြင်နေရတာကို တွေ့ရမှာပါ..

ဒါပေမဲ့ Annabelle: Creationမှာ မိစ္ဆာဟာ The Nunအယောင်ဆောင်ခဲ့တဲ့ Sceneပါဝင်ခဲ့တာကိုသာ မြင်တွေ့ခဲ့ရပြီး Valakကြီးတော့ တကယ်ရောက် မလာခဲ့ပါဘူး..
Sister Charlotteနဲ့ အတူတူမပါလာဘူးလို့ သတ်မှတ်လို့
ရပါတယ်.. ဒါဆို Valakကြီးဘယ်ရောက်နေခဲ့လဲ…

(The Conjuring)
1970မှာ Ed နဲ့ Lorraine Warrenတို့ဟာ French Canadianလူမျိုး လယ်သမား တစ်ယောက်ဖြစ်တဲ့ Mauriceကို ပရောဂ အစွဲချွတ်ကြပါတယ်။ Mauriceဟာ
The Nunရုပ်ရှင်မှာ Romaniaက St. Carta ဘုရားကျောင်းကို 1952က ရောက်ဖူးတဲ့ သူတစ်ယောက်ပါ။..
Valakရဲ့ တစ်စိတ်တစ်ပိုင်းဟာ သူ့ခန္ဓာကိုယ်ထဲ စွဲကပ်နေတာဖြစ်ပြီး Ed နဲ့ Lorraine Warrenတို့ အစွဲချွတ်တဲ့ 1970မှာ စတွေ့ကြပါတယ်။ အစွဲချွတ်ရင်း Lorraineဟာ အရမ်းကို ကြောက်လန်ခဲ့ပြီး အိမ်ပြန်ရောက်တဲ့အခါမှာ ၈ရက်လုံးလုံး အခန်းပိတ်ပြီးနေနေခဲ့ပါတယ်.. ပရောဂအစွဲချွတ် စုံစမ်းတာမျိုးတွေကို မလုပ်တော့ဘဲ 1971 ရောက်မှ Harrisvilleအိမ်ကြီးမှာ မတရားခြောက်လှန့်ခံနေရလို့ အကူအညီလာတောင်းတဲ့ Carolyn
Perronကြောင့် လက်ခံခဲ့ပါတယ်..

(The Conjuring 2)
1976မှာ နာမည်ကျော် Amityvilleအိမ်ကြီးက ထူးထူးဆန်းလူသတ်မှုကြီးကို သွားရောက် စုံစမ်းရင်း Valakနဲ့တွေ့ပြီး 1970က ထိတ်လန့်ခဲ့ရတဲ့ နမိတ်ပုံရိပ်ကို ထပ်မြင်ခဲ့ရပါတယ်.
ဒီနမိတ်ပုံရိပ်ဟာ သူမယောင်္ကျားသေတာကို မြင်ရတဲ့ ကြိုတင်နမိတ်ပုံရိပ်ဖြစ်ပြီး Lorraine Warrenဟာ အခြား ပရောဂအစွဲချွတ်မှုတွေ ဆက်မလုပ်တော့တဲ့အထိပါပဲ..
1977မှာ Londonက Enfiledမြို့ကလေးမှာ ခြောက်လှန့်မှုတွေဟာ Englandရဲ့ Amityvilleလို့ နာမည်ကြီးလာပြီး TVတွေ သတင်းတွေမှာပါ ပါလာတဲ့အတွက် Father Gordonရဲ့ အကူအညီ တောင်းမှုကြောင့် Londonကို
သွားရောက်လေ့လာခဲ့ပါတယ်။
Hodgsonမိသားစုရဲ့ အခြေအနေကို သွားရောက်လေ့လာရင်း Ed နဲ့ Lorraine Warrenတို့ဟာ Valakကြီးနဲ့ ထပ်မံ
ဆုံတွေ့ခဲ့ရပြန်ပါတယ်..
ဒါကတော့ Conjuring Universeတစ်လျှောက် The Nun(Valak)ရဲ့ Timelineဖြစ်ပါတယ်..

1953ကနေ 1970အတွင်း Valakကြီးဘယ်ရောက်နေတယ်ဆိုတာတော့ ထွက်ပြီးသား ရုပ်ရှင်တွေထဲမှာ မပါဝင်ပေမဲ့ French Canadianလူမျိုး လယ်သမားတစ်ယောက်ဖြစ်တဲ့ Mauriceရဲ့
ခန္ဓာကိုယ်ထဲကို 1952ကတည်းက စွဲကပ်နေခဲ့တာကို The Nunရုပ်ရှင်မှာ မြင်ရမှာပါ။

ဒါဆို Mauriceရဲ့ ခန္ဓာကိုယ်ထဲ Valakဟာ နှစ်20လောက်စွဲကပ်နေခဲ့တာဖြစ်ပြီး အဲ့ဒီ့အချိန်အတောအတွင်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ Mauriceဟာ
1970မှာ Ed နဲ့ Lorraine Warrenတို့နဲ့ တွေ့ပြီးနောက်ပိုင်း သူ့မိန်းမကို သေနတ်နဲ့ပြစ်ခတ်ဖို့ကြိုးစားခဲ့ပြီး ကိုယ်တိုင်သေနတ်နဲ့ သတ်သေခဲ့ပါတယ်..

1976မှာ NewYorkက Amityvilleရဲ့ အဖြစ်အပျက်ဟာ Valakရဲ့ လက်ချက်ကြောင့် ဖြစ်ခဲ့တာဖြစ်ပြီး 1977မှာ Londonက Hodgsonမိသားစုရဲ့ ခြောက်လန့်ခံရမှုဟာလည်း Valakကြောင့်ပါပဲ..
Lorraineကိုယ်တိုင် ငရဲကို ပြန်ပို့လိုက်ပြီဆိုတော့ 1977နောက်ပိုင်း အကြောင်းအရာတွေမှာ Valakကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး..

ဇာတ်​လမ်းအညွှန်းကိုတော့ M-MDB မှ ကူးယူဖော်​ပြထားပါသည်​။

Quality : Bluray 720p
Size : 702 MB , 365MB
Translator : Movie Goers TV
Encoded : Chan Myint Oo

720p : Download

720p : Download

360p : Download

360p : Download
Share this article :

Post a Comment

Contact Form

Name

Email *

Message *

Total Visitors

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Movie Goers Tv-မြန်မာစာတန်းထိုး - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger