Latest Movie :
6:66 PM (2017) မြန်​မာစာတန်းထိုး
ဒီဇာတ်​လမ်းကို ဘာသာပြန်​ဖို့
ကျ​နော်​စဖွင့်​လိုက်​​တော့..ကျ​နော်​​တွေးမိတာက
ပုံမှန်​သရဲကားပဲ​ပေါ့..​တွေ့​နေကျသရဲကား​တွေလိုပဲ
သရဲ​ခြောက်​တဲ့​နေရာကို​ရောက်​သွား....
ဘာမှန်းမသိတဲ့ သဘာဝလွန်​ဖြစ်​ရပ်​​တွေကြုံ
ထွက်​​ပြေး..​နောက်​ဆုံး​တော့လွတ်​သွား..
ဒါမှမဟုတ်​လည်း..အကုန်​​သေ​လေသတည်း..
ဆိုတာမျိုးပဲလို့​တွေးမိခဲ့တာ...........
အထင်​နဲ့အမြင်​တက်​တက်​စင်​​အောင်​လွဲခဲ့ပီး​တော့
ဒီဇာတ်​လမ်းမှာ မထင်​မှတ်​တဲ့ ဖြစ်​ရပ်​ အချိုးအ​ကွေ့
တွေနဲ့အတူ  ဇာတ်​ရှိန်​အတက်​အကျကို
ထိတ်​လန့်​စရာ၊ ရယ်​​မောစရာ၊ ပုံစံအမျိုးမျိုးနဲ့
အစက​နေအဆုံးထိဆွဲ​ခေါ်သွားတာ​တွေ့ရပါတယ်
horror အခန်း​တွေမှာဆို ကင်​မရာယူပုံအ​နေအထား
၊ ​နောက်​ခံအသံနဲ့ သရုပ်​​ဆောင်​​တွေရဲ့ မျက်​နှာ​တွေ
စတာ​တွေ​ကြောင့်​ နားကြပ်​သာတပ်​ကြည့်​လိုက်​ရင်
ကိုယ်​တစ်​ကယ်​ကြုံ​နေသလိုမျိုးကို ခံစားရပီး​တော့
သရုပ်​​ဆောင်​​တွေတစ်​ချက်​တစ်​ချက်​ထ​ဖောက်​တဲ့
comedy​တွေ​ကြောင့်​သာ နှလုံး​ရောဂါမရတာလို့ပဲ
ပြောရပါမယ်​...
ဒီ​တော့..အ​သွေးအသားထဲထိ စိမ့်​​နေ​အောင်
ကြောက်​ရတဲ့ခံစားမှုမျိုးလည်း ခံစားချင်​တယ်​..
ပေါ့​ပေါ့ပါးပါးလည်းရယ်​​မောချင်​တယ်​ဆိုရင်​​တော့
ဒီဇာတ်​လမ်းဟာ အဲ့လိုရသ​တွေအ​ပေးနိုင်​ဆုံး
ဇာတ်​ကားတစ်​ခုလို့ညွှန်းဆိုပါရ​စေခင်​ဗျာ..
ဇာတ်​လမ်းအကျဉ်း ​ပြောရရင်
------------------------------------------
*Lorraine ဟာ အကြံစည်​ကြီးမားတဲ့Directorတစ်​ဦး
  ရုပ်​သံ​လောကမှာ ​အောင်​မြင်​ဖို့အတွက်
  လူကြိုက်​များမယ်​ထင်​တဲ့ ဖြစ်​ရပ်​မှန်​Documentry
  တခုကို ဂျင်းထဲ့ပီးရိုက်​ကူးချင်​တဲ့အခါမှာ
*Dannielဆိုတဲ့ မှုခင်းစုံ​ထောက်​သတ္တိခဲကြီးနဲ့
  Sherylဆိုတဲ့ ပရ​လောကဆက်​သွယ်​နိုင်​သူ
  ခပ်​​ချော​ချော​ကောင်​မ​လေးတို့ကို ​ငှားရမ်းပီး​တော့
*လူရည်​လည်​တဲ့ လူလည်​ကြီးကင်​မရာမန်းဖြစ်​သူ
  Peterနဲ့အတူ သူတို့​လေးဦးသား မြို့အစွန်​မှာရှိတဲ့
  ဖြစ်​ရပ်​မှန်​ဇာတ်​လမ်းရိုက်​ကူးဖို့သွားကြပါ​တယ်
*ရည်​မှန်းချက်​အသီးသီးနဲ့ လာကြတဲ့သူတို့​လေးဦးသား မှန်းထားသလိုဖြစ်​မလာတဲ့အခါမှာ​တော့....
-----------------------------------------------------------------------
ဒီဇာတ်​လမ်းမှာ Danniel အဖြစ်​ Jim Klock၊
Sheryl အဖြစ်​ မင်းသမီး​ချော Alexis Kelley၊ Peter အဖြစ်​ Chad Ridgely နဲ့ Lorraine အဖြစ်​ Autumn Federici တို့က သူ့ကာရိုက်​တာ အလိုက်​ အ​ကောင်းဆုံး သရုပ်​​ဆောင်​သွားခဲ့​ပီး IMDB rating 6.5 အထိရရှိထားတဲ့ comedy၊ horror အမျိုးအစား ကား​ကောင်းတစ်​ကားပဲ ဖြစ်​ပါတယ်​...။
ဇာတ်​လမ်းက​ကောင်းတယ်​ဆိုတာထက်​ မင်းသမီး Alexis Kelley ရဲ့ မျက်​နှာလှလှ​လေးကြည့်​ရတာနဲ့တင်​ downရတာတန်​​နေပါပီလို့...😍😍
Quality : WEB-DL
Size -300 MB
Translated & Review By arpala
Encoded By Chan Myint Oo
 Openload : Download
Share this article :
Post a Comment
Contact Form
Name
Email *
Message *
Total Visitors
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Movie Goers Tv-မြန်မာစာတန်းထိုး - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger